မင်းလှမြို့နယ်၌စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့်အညီရောင်းချ‌ရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံခံခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီက ဦးဆောင်၍ စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်း ဆိုင်များ၌ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချရေးကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ စားသုံးသူရေးရာဦးစီးဌာန  မြို့နယ်တာဝန်ခံ ဒေါ်မိုးစန္ဒာနှင့် ဝန်ထမ်းများ မြို့နယ်စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ၊စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့က စားအုန်းဆီဖြန့်ဖြူး ရောင်းချသူများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဗီနိုင်းများချိတ်ဆွဲ  ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ဆီစာအုပ်များဖြင့် စနစ်တကျ ရောင်းချပေးရေးနှင့် ရရှိသော ဆီပိဿာခွဲတမ်းများကို ပြည်သူများထံအမှန်တကယ်ရောင်းချမှု ရှိ/မရှိ ဘူးသွင်းဆီများ ဈေးနှုန်းမြင့်တင်စွာ  ရောင်းချမှုမရှိစေရေးတို့ကို စစ်ဆေးပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။မင်းလှမြို့နယ်တွင်  (၁၂) ဦးက ပြည်သူများဝယ်ယူ စားသုံးမှု အစဉ် ပြေစေရေးအတွက် အိမ်ထောင်စုအနည်းအများအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး  ဌာနဆိုင်ရာများ အသင်းအဖွဲ့များနှင့် ပင်စင်စားများကိုလည်း ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)