
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံး ဝန်ထမ်း များသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ် ကွက်ရှိ အခြခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူအကာအကွယ်ပေးရေး အသိ ပညာပေး ဟောပြောပွဲကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးသန္တာလင်းမှ ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်မှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံသူအခွင့်အရေးများနေ့ ဖြစ်ပေါ် လာပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ် ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအကာကွယ်ပေးရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသော ကုန်စည်များတွင် အမျိုးအမည်၊ အရွယ်အစား အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည့် အချက်အလက်များ ပြည့်စုံစွာ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူ စားသောက် အသုံးပြုတတ်ရန်၊ Online Sale ရောင်းချသူများအား Online မှတ်ပုံတင် လျှောက်ထား ဆောင်ရွက်ရန် နှင့် လိုအပ်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်ဝေဇင်အောင် အငယ်တန်းစာရေးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး(၈)ချက် နှင့် စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် တာဝန်(၄)ချက် နှင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများ ဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Pageတွင် လည်းကောင်း ၊ မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက် ရေးစင်တာ(CICC)တွင် လည်းကောင်း ၊ မိမိတို့ဌာန Website ဖြစ်တဲ့ www. doca.gov. mm တွင် လည်းကောင်း ၊ MPT ; mytel ; Telenor ; Oredoo ; SIM Card User များအားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်း နှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ကြောင်းတို့အား ဆရာ/ ဆရာမ(၁၄)ဦး၊ ကျောင်းသား/သူ(၁၇၈) စုစုပေါင်း(၁၉၂)ဦးတို့အား အကျယ်တဝင့် ရှင်းလင်း ပြောကြား ခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် မြို့နယ်တာဝန်ခံမှ လိုအပ်သည့်များ ဆက်လက်ပြောကြားပြီး ကျောင်းသား/ သူ များအား ဟောပြောပွဲတွင် ဟောပြောခဲ့သည့် အကြောင်းအရာများအား နားထောင်လိုက်နာခြင်း ရှိ/မရှိ အား ပြန်လည်စိစစ်မေးမြန်းပြီး ကျောင်းသား/သူ(၃)ဦးတို့အား ဗလာစာအုပ်နှင့်ဘောပင်များ ဆုချီးမြှင့်ခဲ့ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် တစ်ကြိမ်တစ်ခါဟောပြောဆွေးနွေးရုံဖြင့် ပြီးဆုံးသည့်လုပ်ငန်း မဟုတ် ကြောင်း သားတို့/ သမီးတို့ ကျောင်းသားများအနေဖြင့် စားသုံးသူများ၏လိုက်နာရမည့် တာဝန်များကို လိုက်နာဆောင်ရွက်တတ်ပြီး စားသုံးသူအခွင့်အရေးများကို တောင်းဆိုတတ်တဲ့သူတွေဖြစ်ကြပါစေလို့ နိဂုံးချုပ်ပြောကြားခဲ့ပြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၉)ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
