စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Online သင်တန်း အမှတ်စဉ် (၆/၂၀၂၆) ဖွင့်လှစ်

Powered by Drupal

          ၁၄.၈.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင် ရေး Online သင်တန်း အမှတ်စဉ် (၆/၂၀၂၆) ကိုဖွင့်လှစ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ လူကိုယ်တိုင် တက်ရောက်ခဲ့ကြပြီး ကျိုက်ထိုခရိုင်ရုံး၊ သထုံခရိုင်ရုံး၊ ရေးခရိုင်နှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများက Zoom စနစ်ဖြင့် အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြသည်။

     အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်မှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်မှ တိုင်ကြားမှုကိုစိစစ်ခြင်းနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးလွင်မှ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ငွေစာရင်းဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်တိုးတိုးယဉ်မှ ဌစအကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်းခဲ့ကြောင်း သိရှိရပါသည်။

     DOCA (မွန်)