သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ၁/၂၀၂၁ ကြိမ်မြောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကို Zoom Application အသုံးပြု၍ ၅.၁.၂၀၂၁ မှ ၆.၁.၂၀၂၁ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းပို့ချသူ အရာထမ်းများနှင့် ခရိုင်များမှ သင်တန်းသား / သူ(၁၄)ဦး ၊ လေ့လာသူ(၃) ၊ စုစုပေါင်း(၂၃)ဦး တက်ရောက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်အတွင်း ဝဥအခြောက်ခံစက်ရုံ(၆)ရုံသို့ သွားရောက်လေ့လာခဲ့ရာ မွန်ပြည်နယ်ဒေသအတွင်းတွင် စိုက်ပျိုးသည့် သဘာဝ ဝဥ ထုတ်လုပ်မှုတိုးတက်လာခြင်းကြောင့် စက်ရုံများအနေဖြင့် ဝဉကို ယခင်နှစ်ထက် ပိုမိုဝယ်ယူရရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကုန်ကြမ်းပိဿာချိန် ၈၉၀,၀၀၀ခန့် ဝယ်ယူရခဲ့ပြီး ယခုနှစ်တွင် ၁,၀၃၀,၀၀၀ ပိဿာချိန် ဝယ်ယူရရှိခဲ့ရာ ပိသာချိန်(၁၀၄,၀၀၀)ခန့် ပိုမိုတိုးတက် ဝယ်ယူရရှိခဲ့ကြောင်း၊ သို့ရာတွင်လည်း ဈေးနှုန်းအနေဖြင့် ၂၀၁၉ခုနှစ် ရာသီအစ

နေပြည်တော်၊ (၁၅.၁.၂၀၂၁)
အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းတို့နှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် စည်းမျဉ်း ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းဝေးခန်းမ၌ ကျင်းပသည်။

ဇီဝဇိုးငှက်သိုက်
တနင်္သာရီတိုင်းဒေသကြီးသည် သယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံတောင်ဘက်ဆုံးတွင် တည်ရှိ သည့် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပါသည်။ သဘာဝသယံဇာတများတွင် ထူးခြားသည့် ထွက်ကုန်များ ထွက်ရှိ ရာ ဒေသလည်းဖြစ်ပြီး ထိုအထဲတွင် မြန်မာနိုင်ငံတောင်ဘက်စွန်းဒေသ ကျောက်တောင်များတွင် ထွက်ရှိသည့် ဇီဝဇိုးငှက်၏အန်ဖက်(သို့မဟုတ်)ငှက်သိုက်သည် ဆေးဖက်ဝင်ထူးခြားသည့် ထွက်ကုန်တစ်မျိုးဖြစ်ပြီး တနင်္သာရီ တိုင်းဒေသကြီးအတွင်း၌သာ အဓိကထွက်ရှိပါသည်။

ထိုင်းနိုင်ငံ
