သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Jan 2025

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် အတည်ပြုပြဌာန်း ခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်း အရေးယူဆောင်ရွက်လျက်ရှိပါတယ်။

07 Jan 2025

  ကုန်ဈေးနှုန်းကောက်ယူမှု လုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ထူးမြတ်အိ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်း (၁)ဦး၊   ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်း (၂)ဦး ဗဟိုစာရင်းအင်းအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့မှ တိုင်းဦးစီးမှူး ‌ဒေါ်တင်တင်လှနှင့် ဝန်ထမ်း (၂)ဦးတို့ ပူ

07 Jan 2025

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများကို လစဉ်ကွင်းဆင်းစစ်ဆေးမှုကို စတိုးများ၊ shopping mall များ၊ martနှင့် ရပ်ကွက်ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

07 Jan 2025

    မန္တလေးတိုင်းဒေသကြီးတွင် ဆန်စပါးစိုက်ပျိူး၊ထုတ်လုပ်သူများအသင်း၏ အလုပ်အမှုဆောင်ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၃ရက် ၊နေ့လယ် (၁၄:၀၀)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံ၊ ကျောက်ဆည်၊မိတ္ထီလာခရိုင်များမှ ဆန်စပါးစိုက်ပျိုး၊ထုတ်လုပ်သူများအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

07 Jan 2025

          (၁၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၉)နာရီအချိန် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ အကောက်ခွန် ဦးစီးဌာန(ရုံးချုပ်)၊ ဇေယျာသီဟအစည်းအဝေးခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း နယ်မြေ၊ သီလဝါဆိပ်ကမ်းနယ်မြေနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် တရားမဝင် ကုန်သွယ်မှု လျော့နည်းပပျောက်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ ပါသည်။

Pages