သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ရေတာရှည်မြို့နယ်ရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကုန်ထုတ်လုပ်မှုမြင့်မားစေရေးအတွက် ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်၊ ရေတာရှည် မြို့နယ်အတွင်းရှိ ကုန်ထုတ်လုပ်ငန်းများသို့ကွင်းဆင်းပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးဝမြို့၊ အထက စာသင်ကျောင်းအတွင်းရှိ မုန့်နှင့် မုန့်မျိုးစုံ အရောင်းဆိုင်များအား ( ၁၁.၈.၂၀၂၅ ) ရက်နေ့တွင် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ညောင်လေးပင်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း၊ ညောင်လေးပင်ခရိုင်အတွင်းတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၅၀)ပေအထက်တွင် တည်ရှိသော မြို့နယ်တစ်ခု ဖြစ်ပါသည်။ ညောင်လေးပင်မြို့နယ်၏ အရှေ့ဘက်တွင် ရွှေကျင်မြို့နယ်၊ တောင်ဘက်တွင် ဝေါမြို့ နယ်နှင့် ဒိုက်ဦးမြို့နယ်၊ အနောက်ဘက်တွင် ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် မြောက်ဘက် တွင် ကျောက်တံခါးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ၊ ကလေးဝမြို့၌ သောက်ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် စက်ရုံများအား ( ၁၀.၈.၂၀၂၅ ) ရက်နေ့တွင် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
