သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆.၁၂.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် သရက်မြို့ပေါ်ရှိ ဆန်ရောင်းချနေသော လက်လီ၊ လက်ကား အရောင်းဆိုင်(၁၉)ဆိုင်သို့ ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် အလို့ငှာ ဆန်တန်ချိန်(၂၅)နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် MyROတွင် ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ နံနက်(10:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပင်လုံမြို့ပေါ်ရှိ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှဝန် ထမ်းများသည် (၂၀.၁၂.၂၀၂၄) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ပန်းတနော်မြို့နယ်လေးသည် “သင်ဖြူးဖျာ ဆိုလျှင် ပန်းတနော်က” ယက်လုပ် ထုတ်လုပ်ထွက်ရှိသည်ဟု ဆိုရလောက်အောင်ပင် မိရိုးဖလာ လက်မှုလုပ်ငန်းဖြစ်သည့် သင်ဖျာလုပ်ငန်းဖြင့် အထူးထင်ရှားလှသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံး သူကာကွယ်ရေးအသိ ပညာပေး Talk Showကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၇ရက်နေ့ နေ့လယ် (၁၀:၃၀) နာရီ အချိန်တွင် မအူပင်လူထု အခြေပြု ဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
