သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ နိုဝင်ဘာလ(၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော အစည်းအဝေးတွင် “ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အများပြည်သူသို့ ကြက်ဥ၊ ကြက်သားရောင်းချရန်’’ အစီအစဉ်ဖြင့် လုပ်ငန်းညှိန

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက် (၀၇း၀၀)နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများသည် မြိတ်မြို့၊ ရှားတောဝရပ် ကွက်ရှိ ရပ်ကွက်နေပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူရရှိနိုင်ရန် စားအုန်းဆီနှင့်အတူ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ၊ ဆား၊ ငါး၊ ချဉ်ပေါင်ရွက်၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးတို့အား ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌စားအုန်းဆီဈေးကွက်တွင် မှောင်ခိုရောင်းချနေခြင်းများဖြစ်ပေါ်နေမှုအခြေအနေအား နိုဝင်ဘာလ(၃၀)ရက်နေ့၊ နေ့လယ် (၁၀:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များကို (၂၇.၁၁. ၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်မှ ဆန်တန်(၃၅၀)၊ အိတ်ရေ(၇၀၀၀) နှင့် မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်တန်(၂၃၂.၅)တန်၊ အိတ်ရေ(၄၆၅၀)တို့ ဝယ်ယူ၍ MV-စန္ဒီ(၁) ရေယာဉ်နှင့် MS-ရတနာခိုင်ထွန်(၇)ရေယာဉ်တို့ဖြင့် တင်ဆောင်၍ မြိတ်မြို့သို့ (၃.၁၂.၂၀၂၄)ရက်နေ့ တွင် ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဌာန (Community Center) အခန်းမ၌ Talk Show အစီအစဉ် တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း အကြောင်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကို