သတင်းနှင့် လှုပ်ရှားမှုများ
၂.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (ကုလားတို့) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ နေဝင်းရပ်ကွက်၊ အောင်ဆန်းပါတ်လမ်း၊ အညာတန်းဈေးဆိုင်ရှေ့တွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ကြက်ဥတစ်လုံးလျှင် ၃၆၀ ကျပ်နှင့် အလုံး ၁၀၀၀ ကို လည်းကောင်း၊ ဘဲဥ တစ်လုံးလျှင် ၄၈၀ ကျပ်နှင့် အလုံး ၅၀၀ ကိုလည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

ရေကြည်မြို့နယ်တာဝန်ခံသည် ၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့သည် ပြည်သူများဈေးနှုန်းသက်သာမှန်ကန်စွာ ဝယ်ယူရရှိစေရန်အတွက် ရေကြည်မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ျရှိသော ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ ငါးနှင့် ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်များသည် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချမှုပြုစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(၃.၁၂.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးမှူး) နှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်သော ရောနှောဆီများအား မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ Capital အတွင်းရှိ ရောင်းချသည့် စားသုံးဆီအမျိုးမျိုးအား စစ်ဆေး ဆောင်ရွက်ရန် ဆိုင်တာဝန်ခံနှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်လဲ့လဲ့ဌေး စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် (၃-၁၂-၂၀၂၄)ရက်နေ့တွင် တာမွေမြို့နယ်၊ အရိုးကုန်း ဈေးအတွင်းရှိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။