
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရန် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၀.၂.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် မအူပင်ခရိုင် အစားသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းပြီး ညောင်တုန်းမြို့ပေါ်ရှိ (ဦးချစ်/ ယွန်းပန်းပွင့်/ ဒေါ်တိုး / ယမင်းသူ) စသည့် မုန့်ဟင်းခါး၊ ခေါက်ဆွဲလုပ်ငန်းများအား သုံးစွဲရန်မသင့် တားမြစ်ထားသောချွတ်ဆေးနှင့် တာရှည်ခံဆေးများ သုံးစွဲမှုရှိ/ မရှိအား ကုန်ပစ္စည်းနမူနာဝယ်ယူပြီး Mobile Lab Vanဖြင့် ဓါတ်ခွဲစမ်းသပ်ခြင်းနှင့် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ မုန့်ဟင်းခါးဖို(၄)ခုအား Mobile Lab Van ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ အစားအသောက်များတွင် သုံးစွဲရန်မသင့်သော တာရှည်ခံဆေးနှင့် ချွတ်ဆေးများ သုံးစွဲထားခြင်းမရှိကြောင်း သိရှိရပြီး လုပ်ငန်းရှင်တို့အား စားသုံးသူကာကွယ်ရေးဥပဒေ စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်းကို ဆွေးနွေးခဲ့ပြီး မုန့်ဖိုပတ်ဝန်းကျင် အနံ့ဆိုးကင်းရှင်းစေရေး ဦးစားပေးဆောင်ရွက်ရန်၊ ရေစီးရေလာကောင်းမွန်စေရေး သန့်ရှင်သပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ ဝန်ဆောင်မှုကောင်းမွန်စေရေး၊ ပတ်ဝန်းကျင်မှ တိုင်ကြားမှုမရှိစေရန် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
