သတင်းနှင့် လှုပ်ရှားမှုများ
(3.12.၂၀၂၄) ရက်နေ့၊ နေလယ်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးမှူး)နှင့် ဝန်ထမ်းများသည် ဦးစားပေး ကုန်စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်သောရောနှောဆီများအား ဈေးစည်ပင်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပုဇွန်တောင်ဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုး လက်လီ/လက်ကား ရောင်းချသည့် ကုန်စုံဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီချိန်၌ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်နည်းပညာပေးမှုကို (၂၈.၁၁.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန်တွင် ပို့ချပေးခဲ့ကြောင်းသိရသည်။

၂၇.၁၁.၂၀၂၄ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရားဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်သည် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် ကြက်ဥလက်ကားဖြန့်ဖြူးပေးနေသော လုပ်ငန်းရှင်များ၏ ကြက်ဥထုတ်လုပ်နိုင်မှုအခြေအနေကို သွားရောက်စစ်ဆေးခဲ့ပါသည်။

၃.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် မှော်ဘီမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၃.၁၂.၂၀၂၄ ရက်နေ့ (၀၉:၃၅)နာရီအချိန်တွင် အင်းစိန်ဈေးမှ စည်ပင်သာယာရေးအဖွဲ့နှင့်အတူ အင်းစိန်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
