
၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) အထိမ်းအမှတ်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ်မှ တက်ရောက်ချီးမြှင့်ခဲပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း (၂၀၀)ဦး တက်ရောက် ခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ စီးပွားရေးရာဝန်ကြီး၊ ဦးသိန်းဌေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းသိကောင်းစရာများ၊ မန္တလေးတိုင်းဒေသကြီး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ဦးစားပေးဈေးကွက် စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသည့် အခြေအနေများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းများမှတ်ပုံတင်လက်မှတ် လျှောက်ထား ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Video Clip ပြသခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံမှ ကျောင်းသား/ကျောင်းသူများမှ ဉာဏ်စမ်း ပဟေဠိ ဖြေဆိုခြင်းနှင့် ဉာဏ်စမ်းပဟေဠိ ဖြေဆိုသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိ ရပါသည်။
DOCA(မန္တလေး)
