အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

       မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မအူပင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် မအူပင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Center ခန်းမ၌ အသိပညာပေး Talk Show ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် မအူပင်မြို့၊ ပြန်ကြားရေးနှင့်ပြန်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အသိပညာပေး Talk Show ကျင်းပရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များမှ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန် ကဏ္ဍအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ရာ စစ်ဆေးရေးအရာရှိ ဆိုသည်မှာ စားသုံးသူရေးရာဦးစီးဌာနက ဤဥပဒေအရ စစ်ဆေးရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူကို ဆိုလိုကြောင်း၊ ဥပဒေပါ အခန်း(၆) ပုဒ်မ ၁၄အရ စစ်ဆေးရေးအရာရှိသည် တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးရန် သို့မဟုတ် ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန်အလို့ငှာ ကုန်စည်နှင့် ဝန်ဆောင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသည့်အကြောင်း၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်(၁၁)ချက်ကို အကျယ်တဝင့်ရှင်းလင်းခဲ့ပြီး  စားသုံးသူများ နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြား နိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)