သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၁.၁၁.၂၀၂၄ ရက်နေ့ နေ့လယ်(၁၂:၁၅)နာရီအချိန်တွင် အမှတ်(၁၆)၊ အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိပုလဲခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးတို့သည် (၂၁-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်ပိုင်းတွင် တောင်ငူမြို့၊ တံတားဦး အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၁.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် တာဝန်ခံသည် FDA ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပူးပေါင်းအဖွဲ့သည် (၂၁.၁၁.၂၀၂၄) ရက် နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကြံခင်းမြို့နယ် မြို့မဈေးအတွင်းရှိ စားသုံးကုန် အရောင်းဆိုင်များ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပဲခူးမြို့ပေါ်ရှိကုန်စုံဆိုင်များအား ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့် တာဝန်ရှိဝန်ထမ်းများက ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
