သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၁၉.၁၁.၂၀၂၄)ရက်နေ့၊နံနက်(၀၉:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊မြို့မဈေးဈေးအတွင်းရှိစားသောက်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၄)ရက်နေ့၌ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် နိုဝင်ဘာလအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထုတ်ပြန်ထားသော ဈေးနှုန်းများအပေါ် ဈေးမြှင့်တင်ရောင်းချမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင် ပြီး မြို့နယ်အတွင်း ရောင်းချနေသော လုပ်ငန်းနှင့် ကိုက်ညီမှုရှိ/မရှိ အခြေအနေကွင်းစစ်ဆေးခြင်းလုပ်ငန်းကို (၂၁.၁၁.၂၀၂၄) ရက်နေ့၊နံနက် (၁၁:၀၀)အချိန်က ပန်းတနော်မြို့နယ်တွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး (၆၄)ဦးအား ဌာနဆိုင်ရာလုပ်ငန်းစဉ်းများနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်တစ်ပြည်လျှင် (၃၀၀၀)နှုန်းဖြင့် ရောင်းချပေးခြင်းကို (၂၀.၁၁.၂၀၂၄) ရက်နေ့ နံနက်ပိုင်းက ဆကာကြီးကျေးရွာအုပ်စု၊ ဆကာကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရောင်းချပေးခဲ့သည်။
