သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Nov 2024

   (၂၁.၁၁.၂၀၂၄)ရက်နေ့၊နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပါသည်။

28 Nov 2024

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၉.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်ရာတွင် ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုးလျှောက်ထားခြင်းနှင့်စပ်လျဉ်း၍  Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

27 Nov 2024

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၁-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

27 Nov 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ကြာနီ ကန်လမ်းရှိ “ရွှေဗျိုင်းဖြူ” စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

27 Nov 2024

             ၂၀.၁၁.၂၀၂၄ ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ 1 Stop Mart သို့ ပေါင်မုန့်အမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages