သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Oct 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၄-၁၀-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ ချောင်းကလေးကျေးရွာရှိ  တိုင်းချစ်ဝင်း ဆန်စက်သို့သွားရောက်၍ ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ပါသည်။

24 Oct 2024

စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူး ပေါင်း၍(၁၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ မြို့မနေခြည်ဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

24 Oct 2024

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ အထက်အကြီးအကဲများ၏လမ်းညွှန်မှုဖြင့် ပြည်လည်စိစစ်တင်ပြရန် ပြင်ပဈေးကွက်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ပေါက်ဈေးရှိနေသည်ဆိုသည့် သတင်းအရ သုံးခွမြို့နယ်ဈေးကွက်အတွင်း အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

24 Oct 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ဒုတိုင်းဒေသကြီးနှင့်အဖွဲ့သည်  မအူပင်ခရီးစဉ်တွင် (၁၂.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးတွင် ညောင်တုန်းမြို့နယ်အတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းဖြင့်ရောင်းချသူလုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေနှင့် အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်မှု ကိစ္စရပ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

24 Oct 2024

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေသော လုပ်ငန်းရှင်နှင့် ကုန်စုံမျိုးစုံရောင်းချနေသော လုပ်ငန်းရှင်တို့အား အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၌ စည်ပင်သာယာမြို့မဈေးတာဝန်ခံရုံးတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံလက်မှတ်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

Pages