သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် တိုင်းအတွင်းစားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးတို့အတွက် တိုင်းဒေသကြီးတချို့မှထွက်ရှိသည့် စားသောက်ကုန်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှထွက်ရှိသော ကုန်စည်များနှင့် တိုင်းပြင်ပမှဝင်ရောက်နေသည့် ကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/276_0.png?itok=Cqg1BN1q)
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၀.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တာကြီးတန်းလမ်း၊ မဲဇလီကုန်းမြို့ပေါ်ရပ်ကွက်အတွင်း၌ Online စနစ်ဖြင့်ရောင်းချလျက်ရှိသောအထည်အမျိုးမျိုးနှင့် အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချသောဆိုင်များသို့ အွန်လိုင်းမှတ်ပုံတင်ထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/95_4.jpg?itok=xL00JjmY)
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသေးစားအငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖြစ်သည့် အဆွေတော်နှမ်းလုံးမုန့် လုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ် (၄)ရပ်ကွက် ၊ ဇကာကြီးကျေးရွာတွင် ထုတ်လုပ်ဖြန့်ဖြူ ရောင်းချနေသော မြို့နယ်တွင်း တပိုင်တနိုင် မုန့်လုပ်ငန်း တစ်ခုဖြစ်သည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/24.14_1.jpg?itok=j2gPqKmz)
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် လေးမျက်နှာမြို့နယ် ပိန်းအင်း ကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာရှိ အုပ်ချုပ်ရေးမှူးအိမ်၌ အမှုန့်ကြိတ်စက် လုပ်ငန်းရှင်များအား (၁၄.၁၀.၂၀၂၄) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၄-၁၀-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဈေးအတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/269_0.png?itok=DaySHZQq)