သတင်းနှင့် လှုပ်ရှားမှုများ
(၁၄.၁၀.၂၀၂၄) ရက်နေ့၊နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းအထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ တွင် ညောင်တုန်း ဆန်စက်လုပ်ငန်းရှင် (၅၈)ဦးနှင့် တွေ့ဆုံ၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/24.12_1.jpg?itok=7bcvFFax)
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၀.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ရွှေကူရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးခန်း၌ ရပ်ကွက် အတွင်း စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျဖြန့်ခွဲနိုင်ရေးဆွေးနွေး ဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/93_2.png?itok=lVvNfo8Q)
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးပွဲကို အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့ဈေးတာဝန်ခံရုံး၌ ကျင်းခဲ့ကြောင်းသိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/268_4.jpg?itok=u_5cMnDF)
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ပြည်သူတို့အနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်း ရှင်းစွာသုံးစွဲနိုင်စေရေး ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများက (၁၁.၁၀.၂၀၂၃) ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်တွင်ရောင်းချသော
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/24.11_3.jpg?itok=WP7xmdwL)
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၁.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ မြို့မဈေး၊ ဈေးတာဝန်ခံရုံး၌ မုန့်မျိုးစုံလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/92.png?itok=dKFDmSHP)