
စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး တို့အတွက် ကျောက်ပန်းတောင်းမြို့၊ တမ္ပဝတီရပ်ကွက် ရွှေဈေးတွင် အသင့်စားခေါက်ဆွဲခြောက် အမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၄.၂.၂၀၂၆) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့်အဖွဲ့ သည် ဈေးကွက်အတွင်းရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့်ကိုက်ညီသော ကုန်စည်များ ကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီ သော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက် များအား လိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား အစဉ်တစိုက် လိုက်နာရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
