သတင်းနှင့် လှုပ်ရှားမှုများ
၄-၃-၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ စားအုန်းဆီလက်လီရောင်းချသောဆိုင် (၁၀)ဆိုင်အား ကွင်းဆင်းဈေးကွက်စောင့်ကြည့် စစ်ဆေးမှုကိုဆောင်ရွက်ခဲ့ပါသည်။

ကော့မှူးမြို့နယ်၊ မတ်လ (၅) ရက်

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တာဝန်ခံရုံးတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး (၁၈)ဦးအား ဌာနဆိုင်ရာလုပ်ငန်းစဉ်းများနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည် (၄-၃-၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး၊ အစည်းဝေးခန်းမတွင် ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်(၁၀)ဦးအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည်(၄.၃.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ စားအုန်းဆီရောင်းချနေသောဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
