သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၃.၃.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ပုပ္ပါးလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံး မှ ဝန်ထမ်းများသည် ၃.၃.၂၀၂၅ ရက်နေ့၊ နေ့လည်(၁၂:၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့များနှင့်အတူ မှော်ဘီမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲ တာဝန်ခံဒေါ်တင်တင်ဌေးသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက် နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ တိုက်ကြီးမြို့မဈေးအတွင်း စားအုန်းဆီ အရောင်း ဆိုင်များသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲ တာဝန်ခံ ဒေါ်တင်တင်ဌေးသည် ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၇ ရက် နံနက်(၉:၀၀)အချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ်မြှင့်တင်ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် ၂၆.၂.၂၀၂၅ ရက် နေ့ နေ့လည်(၁၃:၀၀)အချိန်တွင် အမှတ်(၄၇/ခ)၊ တေးဥယျာဉ်(၁၇)လမ်း၊ (၇) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ Chan Lay အမည်ဖြင့် အွန်လိုင်းမှတ်ပုံတင်ထားသော အလှကုန် ပစ္စည်းများလုပ်ငန်းကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
