သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် (၂၄-၂-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမပေါ်ရှိ ဆေးဆိုင်(၃)ဆိုင်မှ မြန်မာ တိုင်းရင်းဆေး အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများ ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ လမ်းညွှန် မှုအရ အကောက်ခွန်ဦးစီးဌာနမှဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁-၂-၂၀၂၅ ရက်နေ့မှ ၂၆-၂-၂၀၂၅ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ် သည့် ဆိပ်ကမ်းများဖြစ်သော ရွှေမဲ ဆိပ်ကမ်း၊ သာကေတဆိပ်ကမ်း၊ မုတ္တမဆိပ်ကမ်း၊ Mother ဆိပ်ကမ်းများသို့ အရှေ့ပိုင်းခရိုင်စားသုံး သူရေးရာဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေ ကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များနှင့

၂၇.၂.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

၂၆.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေင်္ဟသာဈေးအတွင်းရှိ ရောင်းချနေသော ဆန်ဆိုင်များအား ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

၂၆.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်၊ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ၊ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများသည် သထုံမြို့ရှိ ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်ကြီးများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
