သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Aug 2024

       ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ ဒေါ်ထွန်းမေ မုန့်လိပ်အသင့်စားမုန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

06 Aug 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖေ်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့ရန်ကုန်-ပြည်လမ်း၊ ဘုရင့်နောင်လမ်းမကြီးရှိ ဦ

06 Aug 2024

        ၂၀၂၄ ခုနှစ် ၊ သြဂုတ်လ ၅ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ အွန်လိုင်းစနစ်နှင့်ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်အား အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

06 Aug 2024

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ခရိုင်ဦးစီးမှူး၊ စားသုံးသူ‌ရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၉-၇-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်လေးပင်မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

06 Aug 2024

  စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ညောင်လေးပင်မြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

Pages