
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ ဈေးကွက်မရောက်မီစစ်ဆေးခြင်းများ၊ ဆေးဆိုင်များ၊ ဆန်ဆိုင်များနှင့် စက်သုံးဆီဆိုင်များကို မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အနက် ကျွန်းလှမြို့ပေါ်ရပ်ကွက်အတွင်းရှိ လက်လီ/လက္ကား ဆန်အရောင်းဆိုင်များသို့ (၃.၁၂.၂၀၂၅) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ကျွန်းလှမြို့နယ်တာဝန်ခံမှ ဒေသတွင်းထွက်ရှိသည့်အခြေအနေ၊ ရောင်းချနေသော ဆန်ဈေးနှုန်းများအား သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်ရောင်းချရန်၊ ပစ္စည်းအရည်အသွေးနှင့် အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်စွာရောင်းချရန်၊ ဆန်ဝယ်ယူရရှိမှုအခြေအနေ၊ ဆန်သိုလှောင်ထားရှိမှု အခြေအနေနှင့် လက်ကျန်အခြေအနေတို့အား စစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
