သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၆-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည့်ဗဟုသုတများ အသိပညာပေး ဟောပြောပွဲများကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၈ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့၊ ပဲခူးလမ်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကြက်သွန်ခင်း(၁)ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က စ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၆၅_4.jpg?itok=lD4CwNDS)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး၊ ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၆၄_2.jpg?itok=bN9fkqrW)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်ရှိ ပြည့်ဖြိုးကျော်အမှတ်တံဆိပ် ပေါင်မုန့်ကြော်လုပ်ငန်းသို့သွားရောက်၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်မှုအခြေအနေမျာကို ကွင်းဆင်းလေ့လာခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၆၂_3.jpg?itok=vYhbzDNu)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် ဩဂုတ်လ ၉ရက်နေ့၊ ညနေပိုင်းတွင် တောင်ငူမြို့ရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ရောင်းချနေမှု၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းလေ့လာစောင့်ကြည့်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၆၁_4.jpg?itok=LDDUrfKi)