"ကိုချစ်တီး"စက်မှုလက်မှုလုပ်ငန်းသို့MSMEဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းခြင်း

Powered by Drupal

     ဧရာ၀တီတိုင်းဒေသကြီး၊ဖျာပုံခရိုင်ဒေးဒရဲမြို့နယ်တွင်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံဦးဆောင်၍       ၀န်ထမ်းများနှင့်အတူ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ၁ရက်နေ့၊   နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ "ကိုချစ်တီး"  စက်မှုလက်မှုလုပ်ငန်းသို့သွားရောက်ပြီးMSMEလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအတွက်ကွင်းဆင်းစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။
     ထိုသို့ကွင်းဆင်းခဲ့ရာတွင်မြို့နယ်တာ၀န်ခံက"ကိုချစ်တီး"စက်မှုလက်မှုပိုင်ရှင်အားလုပ်ငန်းလည်ပတ်မှုနှင့်ပတ်သက်ပြီးမေးမြန်းရာ မိမိတို့အနေဖြင့်ဖြတ်ဆက်၊ ၀ရိန်းနှင့်စပါးရိတ်စက် လှောင်ကန်အပေါ်ဆင့် အောက်ဆင့်အထိုင်၊ ဂေါ်၊ပျက်ရင်ပြင်ကြောင်း  တစ်စီးပြီးမြောက်ရန်   ၁၁ရက်ခန့်   အချိန်ယူရ ကြောင်း နှင့်လုပ်အားခအနေဖြင့်စပါးရိတ်စက်တစ်စီးလျှင်(၃၂၀
,၀၀၀)ကျပ်ယူကြောင်း ပြောကြားခဲ့ပြီး လုပ်သားအင်အားအနေဖြင့် ကိုယ့်မိသားစုဖြစ်သာလုပ်ကိုင်ပြီးလုပ်သား၂ဦးဘဲ ငှားထားကြောင်း၊လစာနှုန်းထားအနေ ဖြင့်တစ်လလျှင်၃၃၀၀၀၀ကျပ်ပေးကြောင်း ပြောကြားခဲ့ပြီး မြို့နယ်တာ၀န်ခံမှ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)