သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာန အင်္ဂပူမြို့နယ်တာဝန်ခံသည် (၄.၂.၂၀၂၅) ရက်နေ့ ၊ နံနက် (၉:၃၀) အချိန်တွင်အင်္ဂပူမြို့နယ်၊အမှတ်(၁)ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်ဦးစီးမှူးရုံး၌စားသုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည်(၃.၂.၂၀၂၅)ရက်နေ့နေ့လည်(၁၄:၀၀) အချိန်တွင် ဟင်္သာတခရိုင်စိုက်တိုးမြှင့်အဖွဲ့၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ တလုတ္ထော်မြို့ အုပ်ချုပ် ရေးမှူး၊ တလုတ္ထော်တိုက်နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၌ စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ခင်းသို့ ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၃.၂.၂၀၂၅)ရက်နေ့ ၊နေ့လည် (၁၃:၃၀) အချိန်တွင် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “အောင်သုခ”ဆန်စက်၌ ဆန်စက်လုပ်ငန်း ရှင် ဦးသိန်းစိုးဦးနှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး နှင့်SMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၄.၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင် ဇလွန်မြို့၊ ဒူးယားလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ မြို့နယ် ပဲ၊နှမ်းအသင်းကုန်စည်ဒိုင်၌ ပြည်သူ(၄၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါ သည်။
