သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Feb 2025

၃.၂.၂၀၂၅ ရက်နေ့ နံနက်(၁၂:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အဖွဲ့တို့ပူးပေါင်း မအူပင်ခရိုင် အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာ အကြောင်း တို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။

06 Feb 2025

 ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်လွင် ဦးဆောင်သောပူးပေါင်းအဖွဲ့သည် ၊ ၄.၂.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂ : ၀၀) အချိန်တွင် ပဲရုံဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ‌ရောင်းချလျက်ရှိ သော ကျောင်းမုန့်ဈေးတန်းအား သွားရောက်စစ်ဆေးခဲ့ပါသည်။

06 Feb 2025

(၄.၂.၂၀၂၅) ရက်နေ့ နေ့လည် (၁၅၀၀)မှ (၁၅၄၀)အချိန်ထိ မအူပင်အခြေခံပညာအထက်တန်း ကျောင်း အ.ထ.က -၁ သင်တန်းခန်းမတွင် မြို့နယ်အဆင့် အထက်တန်းပြကျောင်းအုပ် ဆရာ/ ဆရာမများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်း စရာများကို သင်ကြားပို့ချခဲ့သည်။

06 Feb 2025

(၄.၂.၂၀၂၅)ရက်နေ့ နေ့လည် (၂:၅၅)နာရီမှ (၁၅း၄၀)နာရီအချိန်ထိ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်း မြို့နယ်အဆင့်ဆရာ/ဆရာမများ အား အ.ထ.က-၂ စာသင်ကျောင်းခန်းမတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အခြားသိကောင်းစရာများ အကြောင်းကို သင်တန်းပို့ချခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

06 Feb 2025

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ပဲရုံဆိပ် အ.လ.က ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်း ဆေးပညာ‌ရေးဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်းပါဝင်၍ ကျောင်း အသိပညာ ပေးဟောပြောခြင်းကို ၄.၂.၂၀၂၅ ရက်နေ့ နေ့လယ် (၀၉:၄၅)နာရီအချိန်တွင် အသိပညာပေး ဟောပြောခြင်း ပြုလုပ်ခဲ့ကြသည်။

Pages