ကြံခင်းမြို့နယ် အ.လ.က(မဲကုန်း)ကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၁၈.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ မဲကုန်းအုပ်စုရှိ အခြေခံ ပညာအလယ်တန်းကျောင်း ၊ ကျောင်းမုန့်ဈေးတန်းအား ကျန်းမာရေးအဖွဲ့၊ ကျောင်းမုန့် ဈေးတန်း ကော်မတီဝင်များနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစားအသောက်များ၊သက်တမ်းလွန်အစားအစာများရောင်းချမှုမရှိစေရေး၊ ကျောင်းမုန့်ဈေးတန်း ပတ်ဝန်း ကျင်သန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသောညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထား သော ကုန်စည်များကိုသာရောင်းချရန် စသည်တို့ကို မုန့်ဈေးတန်းရောင်းချသူများအား အသိပညာပေး မှာကြားခဲ့ကြောင်းသိရှိရပါသည်။

(DOCA ဧရာဝတီ)