သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းသည် (၁၀.၅.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်စည်ပင်နှင့် ပူးပေါင်းပြီး မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များ၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် (၁၀.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် မြို့နယ်စည်ပင်နှင့် ပူးပေါင်းပြီး မြို့မဈေးနှင့် ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များ၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် (၁၀.၅.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင် မြို့နယ်စည်ပင်နှင့်ပူးပေါင်းပြီး အမှတ်(၅)ရပ်က
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးသည် (၁၀.၅.၂၀၂၄)ရက်နေ့ ၊နံနက်(၀၉:၀၀)နာရီက စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြောင်းမြမြို့နယ် စစ်ကုန်းကျေးရွာ စာသင်ကျောင်းတွင် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားတွင် စားသုံးသူပြည်သူများအား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၈.၅.၂၀၂၄) ရက်နေ့ ၊နံနက် (၀၉:၀၀)အချိန်က မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်းကာ မအူပင်မြို့ပေါ်ရှိ ဆန်ဆိုင်(၁၂)ဆိုင်အား ဆန်လက်ကျန်အခြေအနေ၊ ဆန်သိုလှောင်ထားရှိမှု ရှိ/မရှိနှင့် ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းမကြီးမြှင့်စေရေးတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
(၈.၅.၂၀၂၄) ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်က မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မအူပင်ခရိုင် ပန်းတနော်မြို့နယ်သို့သွားရောက်၍ ဆီရောင်းချနေသော လုပ်ငန်းရှင်များထံသို့ သွားရောက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ဆီရောင်းချနေမှုများကို ကွင်းဆင်းဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် နှင့် ဝန်ထမ်းများသည် (၈.၅.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်က မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်းကာ ညောင်တုန်းမြို့ပေါ်ရှိ ဆန်ဆိုင်(၁၂) ဆိုင်အား ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ၊ ဆန်လက်ကျန် အခြေအနေ၊ ဈေးနှုန်းမကြီးမြှင့်စေရေးတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။