ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Feb 2025

မြက်တံမြက်စည်းလုပ်သော မြက်ပင်သည်တောင်ပေါ်ဒေသများတွင် အစုလိုက်အပြုံလိုက် ပေါက်တက်သော မြက်ပင်ဖြစ်သည်။ မန္တလေးတိုင်းအတွင်း၌ တောင်ပေါ်ဒေသများဖြစ်ကြသော မိုးကုတ်၊ ပြင်ဦးလွင်နှင့် တောင်ပေါ်ဒေသများတွင် အများဆုံးပေါက်ရောက်ပါသည်။ တောင်ကျ ချောင်းဘေးများ တောင်စောင်းများတွင် ပေါက်ရောက်ရှင်သန်ဖြစ်ထွန်းပါသည်။ အုန်းဆံဖြင့် ပြုလုပ်သော တံမြက်စည်းကို တံမြက်စည်းကြမ်းဟုခေါ်ပြီး မြက်နှင့်ပြုလုပ်သော တံမြက်စည်း တံမြက်စည်းနု ဟုခေါ်ကြသည်။ ခေတ်ကာလနှင့်အညီ ပလတ်စတစ်တံမြက်စည်းများလည်း ထွက်ပေါ်နေပြီး ရို

18 Feb 2025

မန္တလေးမြို့၊ နန်းရှေ့ဈေးရှိ သစ်သီးမျိုးစုံရောင်းချသော သစ်သီးဆိုင်များတွင် ပန်းသီး၊ လိမ္မော်သီး၊ ထောပတ်သီး၊ နဂါးမောက်သီး၊ ဖရဲသီး၊ သခွားမွှေးသီး၊ စတော်ဘယ်ရီသီး၊ ဇီးသီးများနှင့်အတူ တွဲဖက်၍  ဗောက်သီးများ ရောင်းချလျှက်ရှိပါသည်။ ဗောက်သီးများကို ဗန်း၊ စကောများနှင့်ထည့်၍ သီးသန့်ရောင်းချသူများလည်းရှိပါသည်။ ဗောက်သီးပင်သည် ယခင်က အလေ့ကျပေါက်ပင်မျိုးဖြစ်သည်။ ယခုအခါ စားသုံးသူဝယ်ယူသူများရှိလာသောကြောင့် စီးပွားဖြစ် စိုက်ပျိုးလာကြပြီဖြစ်ပါသည်။ ငယ်ငယ်က မိမိတို့တော ကြက်သွန်ခင်း၊ ဂျုံခင်းများ

18 Feb 2025

မန္တလေးဈေးကွက်အတွင်းသို့ ပဲကြီးအစိုများ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ဝင်ရောက်လာပါ သည်။ မန္တလေးတိုင်းဒေသကြီး၌ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်၊ ကြက်သွန်စသည်ဖြင့် သီးနှံ မျိုးစုံ ထွက်ရှိရာဒေသဖြစ်ပါသည်၊၊ ပဲကြီးကို ဧကအလိုက်စိုက်ပျိုးခြင်းများရှိသလို တပိုင်တနိုင် လယ်ကန်သင်းရိုးများတွင်လည်း စိုက်ပျိုးကြသည်။ ကျောက်ဆည်နယ်တွင် စပါးခင်းများ၏ လယ်ကန်သင်းဘောင်ပေါ်တွင် ပဲကြီးကို စိုက်ပျိုးလေ့ရှိသည်။ မတ္တရာနယ်တွင် စပါးစိုက်ခင်းများ၏ လယ်ကန်သင်းဘောင်ပေါ်တွင် ပဲသီးတောင့်ရှည်(ခေါ်)တောင်ထောင်ပဲကိ

18 Feb 2025

          ရွက်ဟောင်းတွေကြွေကာကျ မြေခရသည့် ဂိံမာန်နွေဦးရာသီသို့ ရောက်ရှိလို့လာပါပြီ။ သစ်ပင်တိုင်း သစ်ပင်တိုင်းတွင်  အရွက်နု၊ အသီးပွင့်တွေဝေဆာလို့နေပါပြီ။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသည် အပူပိုင်းဒေသဖြစ်ပြီး ရာသီဥတု(၃)မျိုးကို ပိုင်ဆိုင်ထားပါသည်။ လမ်းတလျှေက်တွင် ရဲရဲနီအောင် ပွင့်ဖူးနေသော လက်ပံပင်ကြီးတွေ၊ ဝါနီစွေ့စွေ့ပွင့်ဖူးနေသော ပေါက်ပန်းပင်ကြီးတွေ၊ ဖွေးဖွေးလှုပ်ဖူးပွင့်နေသော လဲမှို့ပင်ကြီးတွေ၊ အသီးအဖူးအပွင့်ဝေစီနေသည့် သရက်ပင်ကြီးတွေနှင့် ရွက်နုဝေနေသော တမာပင်၊ ထနောင်းပင်၊ ကုက

18 Feb 2025

မန္တလေးမြို့သည်ယခုရက်ပိုင်းအတွင်းနေ့အခါ ရာသီဥပူလာပြီးဥတုရာသီ ပြောင်းလဲလာ တာနှင့်အမျှ အိမ်ရှင်မများ ဘုရားပန်းများ ကြာရှည်မခံသည့်အတွက် မကြာခဏလဲလှယ်ရပါသည် ရာသီဥတုပူပြင်းလာသည့်အခါ ကျောက်ဆည်ခရိုင်အတွင်းမှထွက်ရှိသည့် ရက် ၁၀၀ ခံအောင် သပြေပန်းငုတ်များသည် ကြာရှည်ခံပြီး လှပလန်းဆန်းခြင်းတို့ကြောင့် နေ့စဉ်ရေလဲလှယ်ပေးခြင်း အားဖြင့် ရက် ၁၀၀ ခံသပြေပန်းဆိုသည့်အတိုင်း ကြာရှည်ခံသည့်အတွက်အိမ်ရှင်မများအနေနှင့် ကြိုက်နှစ်သက်ကြပါသည်။ အောင်သပြေငုတ်များ ဈေးနှန်းဈေးကွက်အနေနှင့်တငုတ်လျှင် ၁၅၀၀ကျပ်မှ

Pages