ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Feb 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် အနီးအနားရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်လျက်ရှိပါသည်။ စားဖိုဆောင်သီးနှံများအပြင် ဥယျာဉ်ခြံမြေသီးနှံများကိုလည်း စိုက်ပျိုး လျက်ရှိရာ ဌက်ပျောပင်များကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ငှက်ပျောသီးကို ငှက်ပျောသီး အမှည့် အဖြစ်လည်း စားသုံးသလို၊ ငှက်ပျောသီးကြော်၊ ငှက်ပျောရွှေကြည်၊ ငှက်ပျောယို၊ ငှက်ပျောခြောက်၊ ငှက်ပျောပူတင်း အစရှိသော သရေစာများ လုပ်၍လည်း စားသုံးနိုင်ပါသည်။ ငှက်ပျောသီးမှည့်ကို လူကြီးမိဘများ၏ အဆိုအရ မနက်ငှက်ပျေ

18 Feb 2025

ဈေးကွက်အတွင်း ရောင်းချနေသော ပန်းဂေါ်ဖီစိမ်းများကို ပန်းဂေါ်ဖီအဖြူကဲ့သို့ စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး ဆောင်းရာသီ ရိုးရိုးပန်းဂေါ်ဖီများပေါ်ချိန်တွင် ထွက်ပေါ်ကြ ပါသည်။ အေး၍ခြောက်သွေ့သောဒေသများတွင် ပန်းဂေါ်ဖီစိမ်း အပင်သည် သက်တမ်း (၁၁) လ ခန့်အထိ ကြာမြင့်သည်ဟု သိရှိရပါသည်။ မြေဆီဩဇာ ပေါများသည့် မြေမျိုးနှင့် သဲဆန်သော မြေတွင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။

18 Feb 2025

မုံရွာဒေသထွက် သခွားမွေးသီးများကို မုံရွာမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် တနိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မုံရွာမြို့တွင် ဖြစ်ပေါ်နေသောသခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၃၀၀၀မှ ၅၀၀၀) ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၂၅၀၀မှ ၃၀၀၀) အလုံးသေးတစ်လုံးလျှင် (၈၀၀၊ ၁၀၀၀) ကျပ် ဈေးနှုန်း အသီးသီးရှိကြောင်း သိရသည်။ သခွားမွေးသီးများ အထွက်နှုန်း ကောင်း၍ ဈေးကောင်းရရှိနေကြောင်း သိရှိရသည်။

18 Feb 2025

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရောက်ကြသည်။ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်း သီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များကို လူကြိုက်များ ၍အရောင်းအဝယ်ပိုဖြစ်သည်။ အစေ့လွတ်မန်ကျည်းသီးမှည့်ရရှိရန်အတွက် မန်ကျည်းသီးမှည့် အတောင့်များကို  အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါမန်ကျည်းသီးမှည့်ထက် ဈေးပိုရကြောင်း သိရသည်။

18 Feb 2025

          ပူစီနံပင်ကို နေရာဒေသမရွေး စိုက်ပျိုး၍ရနိုင်ပါသည်။ မြေအိုး၊ ပန်းအိုး၊ ပလတ်စတစ်ဘူးခွံ များတွင် မြေဆွေး၊ နွားချေးထည့်၍လည်း တပိုင်တနိုင်စိုက်ပျိုး၍ ရပါသည်။ အချို့က စိုက်ခင်း အဖြစ် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပူစီနံပင်ကို ရေမပြတ်လောင်းပေးနိုင်က တစ်နှစ်ပတ်လုံး စားသုံးနိုင်ပါသည်။ ဆောင်းတွင်းကာလတွင် ဖြစ်ထွန်းမှုနည်းပြီး နွေရာသီနှင့် မိုးရာသီတွင် ပိုမိုဖြစ် ထွန်းပါသည်။ ပူစီနံပင်သည် ခဏခဏခူးယူရောင်းချရသော အပင်မျိုးဖြစ်၍ ခူးယူလေအတက်ထွက် လေဖြစ်သည်။ ပူစီနံပင်သည် အတို့မြှတ်လုပ

Pages