
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ငဖန့်ဝိုင်းငါးပိကောင်ကို ပဲခူးမြို့နှင့် ရန်ကုန်မြို့တို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်) တွင် ငါးပိကောင်(၁)ပိဿာလျှင် ကျပ်(၃၂၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလ(ဒုတိယပတ်)တွင် ကျပ်(၃၀၀၀၀) ဖြင့်ရောင်းချခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ကြောင်း သိရသည်။ မင်းဘူးမြို့မဈေး၌ ငါးပိ၊ ငါးခြောက်များကို ရန်ကုန်မြို့နှင့် ပဲခူးမြို့တို့မှ တိုက်ရိုက်မှာယူရောင်းချသည့် အတွက် ယခုအချိန်တွင် သယ်ယူစရိတ်မြင့်တက်လာသည့်အတွက် ဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ် ကြောင်း သိရှိရသည်။
DOCA(မကွေး)
