ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Feb 2025

 နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရွာများတွင်   ငရုတ်၊  ကြက်သွန်၊ ပန်းဂေါ်ဖီ စသည့် သီးနှံမျိုးစုံကို  စိုက်ပျိုးသည့်အပြင်  စားဖိုဆောင်သီးနှံများကိုလည်း  တောင်သူဦးကြီးများသည် အပိုသီးနှံများအဖြစ်  ရာသီအလိုက်စိုက်ပျိုးကြပါသည်။  ပဲကြီးသီးနှံများကို   လယ်ကန်သင်းရိုးများတွင် အပိုဝင်ငွေတိုးစေရန်အလို့ငှာ  တစ်ပိုင်တစ်နိုင် စိုက်ပျိုးခဲ့ကြသည်။ ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ကျင်းတွင် သုံးစေ့သာထည့်ပြီးအစေ့သေးပါက  လေးစေ့ထည့်၍ စိုက်ပျိုးရကြောင်း ၊   ပဲကြီးသက်တမ်းမှာ 

18 Feb 2025

ရာသီစာ မရမ်းသီးနုများ နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း ၂၀၂၅ခု ဖေဖေါ်ရီလပထမ ပတ်မှစတင်၍ ဝင်ရောက်လာရာ မရမ်းသီးနု တစ်ပိဿာလျှင် ငွေကျပ် (၃၀၀၀၀) နှင့် လက်လီ ၁၀ကျပ်သားလျှင် ငွေကျပ် (၃၅၀၀)နှုန်းဖြင့် ရောင်းချနေကြောင်းသိရပါသည်။ ယခုနှစ်တွင် ဒေသတွင်း မရမ်းသီးထွက်ရှိချိန် နောက်ကျသည့်အတွက် ရန်ကုန် ကုန်စိမ်းဒိုင်များမှ  ဝယ်ယူရောင်းချ ကြောင်းသိရသည်။ ဒေသခံများမှ အများအားဖြင့် ဒေသမရမ်းမျိုးများကို စိုက်ပျိုးကြပြီး မရမ်းသီး (အကင်း)များကိုအများအားဖြင့်  အချဉ်ပင်မှခူး၍ ရောင်းကြသည်။

18 Feb 2025

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်လုံးညိုကျေးရွာ တောင်သူ ဦးကြည်လွင်၏ မြေဧက (၀.၂၅)ဧကပေါ်တွင် ခရမ်းကျွတ်သီးများ စိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ပေါ်ထွက်နေပြီဖြစ်ကြောင်းသိရသည်။ ခရမ်းကျွတ်မျိုးများမှာ အဖြူသီး၊ ခရမ်းရောင်သီး၊ စိမ်းဖြူကြားသီးဟူ၍ (၃)မျိုးရှိရာ အဖြူသီးကိုသာ စိုက်ပျိုးကြောင်းသိရသည်။ ရန်ကုန် ဈေးကွက်သို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။ ခရမ်းကျွတ်သီးကို (၁၂)လ ရာသီပတ်လုံး စိုက်ပျိုးပြီး ခူးစွတ်နိုင်ကြောင်းလည်း သိရသည်။ တစ်ပတ်လျှင

18 Feb 2025

          ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဝါးတောအုပ်စု၊ ဝါလည်ကျေးရွာတွင် ကြက်ဟင်းခါးသီး များစိုက်ထားရှိထားကြောင်း သိရှိရပါသည်။ ထိုဒေသတွင် စိုက်ပျိုးထားသော ကြက်ဟင်းခါးသီးမျိုးမှာ ဂုဏ်မာန်မျိုးဖြစ်ပြီး စိုက်ပျိုးသောစင်မှာ အလျား ၁၅တောင်၊ အနံ ၅၀တောင်ရှိသော စင်ဖြင့် စိုက်ပျိုး ကြပါသည်။ စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် စင်အပါအဝင် စုစုပေါင်း (၂)သိန်းကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ကြက်ဟင်းခါးသီးများစတင်ထွက်ပေါ်ချိန်တွင် (၃)ရက်လျှင် တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် အလုံး

18 Feb 2025

          ပြည်(ချင်း)ပွဲရုံများသို့ ဝင်ရောက်လာသောချင်းတက်အသစ်များ ပုံမှန်ဝင်ရောက် နေသော် လည်း ယခုတစ်ပတ်တွင် ချင်းအခက်အလက်များနှင့် ချင်းများဝင်ရောက်လာတာတွေ့ရပါသည်။ ဝင်ရောက်လာသောချင်းတက်များမှာ အစိုဓါတ်များပြီး အရည်အသွေးအနည်းငယ်ညံ့သောကြောင့် ချင်းဈေးလည်းကျလာတာတွေ့ရပါသည်။ ယခုအပတ်ချင်းဈေးတွေကတော့ ချင်းတက်တစ်ပိဿာ လျှင် (ပွဲရုံဈေး) ၃၅၀၀-၄၀၀၀ကျပ်ဖြစ်ပြီး ဒေသအတွင်း လက်လီဈေးများတွင် ချင်းတက်တစ်ပိဿာ ၆၀၀၀-၇၀၀၀ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပါသည်။ ဒါးလှီးချင်းဖက်တစ်ပိဿာလျှင် ၆၀၀၀ကျပ် ဈေ

Pages