ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Feb 2025

             တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်ဂန္ဓမာပန်းများကို တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင်လျှက်ရှိပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။ ဂန္ဓမာပန်း မျိုးစေ့အများအပြားရှိသည့်အနက် စံပယ်ဖြူ၊ နှင်းကမ္ဘာ၊ ဆန်းပန်း စသည့် မျိုးစေ့များကို အဓိက စိုက်ပျိုးလျက်ရှိပြီး ဂန္ဓမာပန်းစိုက် တောင်သူများအနေဖြင့် ပန်းများကို ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် စတင်ရောင်းချနိုင်ကြောင်း သိရှိရပါသည်။

19 Feb 2025

             တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်သည် သဘာဝပေါက်ပင်နှင့် တောတောင်များပေါများသဖြင့် ဒေသခံပြည်သူများသည် မိမိတို့၏ လယ်ယာလုပ်ငန်းများအပြင် သဘာဝပျားရည်ဖွတ် သည့်လုပ်ငန်းများကိုလည်း ရာသီအလိုက်လုပ်ကိုင်ဆောင်ရွက်ကြပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေကို ရှာဖွေပေးလျက်ရှိကြောင်း သိရပါသည်။

19 Feb 2025

             မြန်မာနိုင်ငံသည် သစ်တောထွက် သံယံဇာတများစွာထွက်ရှိသော နိုင်ငံဖြစ်သည်။ အဖိုးတန်သစ်အမျိုးမျိုး၊ ဝါးအမျိုးမျိုး၊ သစ်ခွများ ထွက်ရှိသကဲ့သို့ လူတို့၏ ပတ်ဝန်ကျင်သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေးအတွက် အသုံးပြုကြသော တံမြက်စည်းမှာလည်း မြန်မာ့သစ်တောများမှ ထွက်ရှိပါသည်။

19 Feb 2025

            တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုး ကြသည့်အပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လျက်ရှိပြီ ဥစားကြက် မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြခြင်းများရှိကြောင်းသိရသည်။

19 Feb 2025

            ကြံတစ်ကြိမ်စိုက်လျှင် (၄)နှစ်အထိထား၍ ပထမနှစ်(ခင်းသစ်)၊ ဒုတိယနှစ်(လမိုင်း)၊ တတိယနှစ်(လမတ်)နှင့် စတုတ္ထနှစ် (ခင်းဟောင်း) ဟူ၍ ခုတ်သိမ်းရကြောင်း သိရှိရပါသည်။ ပထမနှစ် စစိုက်စိုက်ချင်း(ခင်းသစ်)ကို ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ စိုက်ပျိုးကြ၍ ဒုတိယနှစ်(လမိုင်း)၊ တတိယနှစ်(လမတ်)၊ စတုတ္ထနှစ် (ခင်းဟောင်း)များကိုတော့ ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ စိုက်ခင်းမြေပြုပြင်ခြင်းကိုသာ လုပ်ဆောင်ကြပြီး ဒီဇင်ဘာလတွင် ခုတ်သိမ်းရောင်းချကြကြောင်း သိရှိရပါသည်။

Pages