ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Feb 2025

          ကမ္ဘောဒီးယားနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ ၈၇၀ သန်းနီးပါးမြင့်တက်လာပြီး ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ အကောက်ခွန်နှင့်ကုန်စည်စီးဆင်းမှုအထွေထွေဦးစီးဌာန ၏အစီရင်ခံစာအရ သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တွင် အမေရိကန်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်အများဆုံးနေရာအဖြစ် ဆက်လက်ရပ်တည်နေပြီး ဗီယက်နမ်(ကန်ဒေါ်လာ ၂၇၈ သန်း)၊ ဂျပန်(ကန်ဒေါ်လာ ၁၅၁ သန်း)

19 Feb 2025

          ဝန်ကြီးချုပ် Hun Manet ဦးဆောင်၍ ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည်  စိုက်ပျိုးရေးကဏ္ဍအတွင်း ထုတ်လုပ်မှုကွင်းဆက်များ ထူထောင်ရာတွင် အခွင့်အလမ်းများရှာဖွေကြရန် တရုတ်ရင်းနှီးမြှုပ်နှံသူများကို ၁၇-၂-၂၀၂၅ ရက်နေ့က တိုက်တွန်းခဲ့သည်။ အဆိုပါတိုက်တွန်းချက်ကို (CDC) ၏ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံရေး ဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် Chea Vuthy မှ တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်၊ Ningbo မြို့မှ တရုတ်ကုမ္ပဏီ ၁၈ ခုမှ ကိုယ်စားလှယ်များနှင့် Ningbo ဘဏ်မှ အထွေထွေ

19 Feb 2025

          ကမ္ဘောဒီးယားနိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့သည် ပုဂ္ဂလိက ကဏ္ဍတွင် ကမ္ဘောဒီးယား ထုတ်ကုန်များ ဩစတြေးလျဈေးကွက်သို့ တင်ပို့မှုမြှင့်တင်ရန်နှင့် လွယ်ကူချောမွေ့စေရန်အတွက နားလည်မှုစာချွန်လွှာ (၃) ခုကို ၁၆-၂-၂၀၂၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ကမ္ဘောဒီးယား-ဩစတြေးလျ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာကို ဩစတြေးလျ နိုင်ငံ၊  Sydney မြို့၌စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ဩစတြေးလျနိုင်ငံ

19 Feb 2025

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စပါးနှင့် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈၇ သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဆန်စပါးအသင်းချုပ်မှ ၁၄-၂-၂၀၂၅ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်သည် ယခုနှစ်ဇန်နဝါရီလအတွင်း ပြည်ပနိုင်ငံများသို့ ဆန် တန်ချိန် ၅၉,၀၈၆ တန်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၉ သန်းရရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ EU သို့ ဆန်တန်ချိန် ၃၆,၇၁၄ တန်ကျော် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၂၉.၇၉ သန်း၊ တရုတ်နိုင်ငံသို့ တန်ချိန် ၃

19 Feb 2025

          ကမ္ဘာ့အကြီးဆုံး အစားအစာနှင့်အဖျော်ယမကာပြပွဲ “Anuga Food 2025” တွင် ကမ္ဘောဒီးယားကုန်သည်ကြီးများ ပါဝင်ပြသရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန (MOC) မှ ၁၇-၂-၂၀၂၅ ရက်နေ့တွင်တောင်းဆိုခဲ့သည်။ နိုင်ငံတကာကုန်စည်ပြပွဲကို ဂျာမနီနိုင်ငံ၊ Cologne မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ MOC ၏အဆိုအရ ကုန်စည်ပြပွဲသည် ဆန်းသစ်တီထွင်မှုကိုပြသရန်၊ ချိန်ဆက်မှုအခွင့်အလမ်းများကိုမြှင့်တင်ရန်၊ အစားအသောက်နှင့်အဖျော်ယမကာလုပ်ငန်းတွင် ပေါ်ပေါက

Pages