ကုန်သွယ်မှုသတင်းများ
ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ ဆင်ခရမ်းချဉ်သီးများ ဝင်ရောက်မှု နည်းပါးပြီး ဈေးကောင်းရလျှက်ရှိနေပါသည်။ မင်းတုန်း၊ ဥသျှစ်ပင်ဘက်မှ တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာအဝင်ရှိပြီး အလုံး ၃၀/၄၀ခန့်သာဝင်ရောက်မှုရှိနေပြီး ယခင်အချိန်တွင် အလုံးရေ ၁၀၀၀ခန့်ကို ရက်ခြားအဝင်ရှိခဲ့ပြီး ဈေးနှုန်းမှာလည်း တစ်လုံးလျှင်ကျပ် ၂၅၀ဝန်းကျင်ခန့် ရောင်းချမှုရှိခဲ့ကြောင်း သိရသဖြင့် ယခုကာလတွင် တစ်လုံးလျှင် အကြီး၊ အသေး ပေါ်မူတည်၍ ကျပ် ၄၀၀-၅၀၀နှုန်းဖြင့် အသီးသီးရောင်းချလျှက်ရှိကြောင်း သိရပါသည်။

ပြည်ဈေးကွက်အတွင်း ရောင်းချနေသော အာလူးများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမြို့မှထွက်ရှိသော အာလူးများအားဝယ်ယူရောင်းချခြင်းဖြစ်ပါသည်။ ယခင်က ရောင်းချ သောအာလူးများမှာ တန်ခူးလအရှေ့ပိုင်းနှင့် အနောက်ပိုင်းမှထွက်ရှိသော ရေအာလူးများ ဖြစ် ကြောင်း သိရှိရပါသည်။ ယခုအခါ ထိုရေအာလူးမှာ လက်ကျန်မရှိတော့ဘဲ ဇွန်၊ ဇူလိုင်လ အတွင်းထွက်ရှိသော ကုန်းအာလူးများသာ ထိုမှတစ်ဆင့်မှာယူ၍ ပြည်ဈေးကွက်အတွင်း ရောင်းချ နေခြင်းဖြစ်ပါသည်။ မှာယူရောင်းချသော ကုန်းအာလူးမှာ ယခုနှစ်တွင် အထွက်နည်း သည့်အတွ

ကွမ်းခြံတစ်ခြံလျှင် ကွမ်းပင် ၅၀၀မှ ၁၀၀၀အထိ စိုက်ပျိုးကြပါသည်။ ကွမ်းညွှန့်တစ်ညွန့်လျှင် ယခင်နှစ်များက ၁၀၀ကျပ်နှုန်းသာ ဈေးနှုန်းရှိပြီး ယခုနှစ်အချိန်တွင် ၃၀၀ကျပ်နှုန်းဈေးရှိပါသည်။ ကွမ်းရွက်များခူးဆွတ်ချိန်တွင် (၁၅)ရက်တစ်ခါခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် ပိဿာချိန် ၃၀မှ ၅၀ အထိထွက်ရှိပါသည်။ ကွမ်းစိုက်ပျိုးရာဒေသများမှာ ပြည်မြို့နယ်အတွင်းရှိ ကြာအင်းရွာ၊ ဖုမ္မသိမ်ရွာ နှင့် ဝက်ပုတ်၊ အင်းမစသည့်မြို့များမှလည်း ကွမ်းများအား စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရပါသည်။ စိုက်ပျိုးသောက

ပြည်မြို့မှထွက်ရှိသော အောင်သပြေတုံးများသည် ပြည်မြို့ပေါ်ရှိနေထိုင်သော လူများ သာမက ရပ်ဝေး ရပ်နီးတွင်နေထိုင်ကြသော လူများကပါ တကူးတက မှာယူကပ်လှူကြသော ဘုရာပန်းဖြစ်ပါသည်။ သို့သော်ယခုလို အောင်သပြေတုံးများ အထွက်နည်းသောအချိန်တွင် ပြည်မြို့ရှိ ပန်းဈေးကွက်ထဲသို့ရောက်လာသည်မှာ ရက်(၁၀၀) ပြေပန်းဖြစ်ပါသည်။ ပြည်မြို့မှထွက်ရှိသော အောင်သပြေတုံးမှာ အငုတ်မှအညွှန့်များ ဖြာထွက်နေပြီး ရေလဲပေးပါက အညွန့်အသစ်များ ထပ်မံထွက်ပေါ်လာကာ (၁)လခန့် အထားခံပါသည်။ ယခုအခါဈေးကွက်တွင် ရောင်းချနေသော ရက်(၁၀

ပြည်မြို့ရှိ ဈေးများထဲတွင် ပြည်အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညို ရွာနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ ကျေးရွာများမှ မျှစ်များချိုးယူ၍ ရောင်းချကြပါသည်။ မျှစ်၏သဘာဝအရောင်မှ အဖြူရောင်ဖြစ်ပြီး မျှစ်အစိမ်းကိုပြုတ်လိုက်လျှင် ဝါကျင့်ကျင့်အရောင် ပြောင်းသွားတက်ပါသည်။ ယခုအချိန် ဈေးကွက်တွင်ရောင်းချနေသော မျှစ်အမျိုးအစားများမှာ မျှစ်စပ်နှင့် မျှစ်ပြုတ်များဖြစ်ပါသည်။ မျှစ်စပ်ဈေးမှာတစ်ပိဿာလျှင် ၃၀၀၀-၄၀၀၀ကျပ် နှင့်မျှစ်ပြုတ် တစ်ပိဿာလျှင် ၁၅၀၀-၂၀၀၀ကျပ်ဖြင့် ပြည်မြ
