မြို့ပေါင်း ၃၃ မြို့တွင်စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ထုတ်လုပ်သည့်အစီအစဉ်အတွက် အမေရိကန်‌ဒေါ်လာ ၅.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အင်ဒိုနီးရှား

Powered by Drupal

             အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းရှိမြို့ပေါင်း ၃၃ မြို့တွင် စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ထုတ်လုပ်မည့် အစီအစဉ်အတွက် ရင်းနှီးမြှုပ်နှံမှုခန့်မှန်း အမေရိကန်ဒေါ်လာ ၅.၄၉ ဘီလီယံလိုအပ်ကြောင်း အကြီးတန်း အရာရှိတစ်ဦးကပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေး အေဂျင်စီ (Danantara) ၏ စီအီးအိုဖြစ်သူ Rosan Roeslani က စွန့်ပစ်ပစ္စည်းမှစွမ်းအင်ထုတ်လုပ် မည့်အစီအစဉ်သည် နေ့စဉ်စွန့်ပစ်ပစ္စည်းတန် ၁၀၀၀ ကိုအသုံးပြုနိုင်ပြီး အချို့မြို့များတွင် ထို့ထက် များပြားနိုင်ကြောင်း Indonesia International Sustainability Forum (ISF) တွင် အောက်တိုဘာ လ ၁၀ ရက်‌နေ့ကပြောကြားခဲ့ပါသည်။ Danantara သည်စီမံကိန်းကို ISF တွင် ပြသခဲ့ပြီး ရင်းနှီး မြှုပ်နှံသူများက စိတ်ဝင်စားမှုအားကောင်းခဲ့ကြောင်း သိရပါသည်။ Roeslani ကစီမံကိန်းတွင်ပါဝင် ရန် ကုမ္ပဏီပေါင်း ၁၉၂ ခုကမှတ်ပုံတင်ခဲ့ကြောင်း၊ ISF သည်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်အဓိက စင်မြင့်တစ်ခုဖြစ်ကြောင်း၊ ပရိုဂရမ်သည် စွမ်းအင်ထောက်ပံ့ရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ် ရေးနှင့် အများပြည်သူကျန်းမာရေးအတွက်အရေးပါကြောင်းနှင့် စီမံကိန်းကို ၎င်းတို့သက်သက် မလုပ်နိုင်ပဲ ပြည်တွင်းနှင့် ပြည်ပမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုစီမံကိန်းကို ပွင့်လင်းမြင်သာသောတင်ဒါလုပ်ငန်းစဉ်များမှတစ်ဆင့် နိုဝင် ဘာလအစောပိုင်းတွင် စတင်သွားမည်ဟု သိရပါသည်။ Danantara ကအဓိကမြို့ပြစွန့်ပစ်ပစ္စည်း များကို လျှပ်စစ်အဖြစ်သို့ ၂ နှစ်အတွင်း အသွင်ပြောင်းပြီး အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ပထမခြေလှမ်းအနေဖြင့် အစိုးရနှင့် Danantara တို့သည် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက စွန့်ပစ်အမှိုက်ပမာဏ၊ မြေနှင့် ရေရရှိနိုင်မှုတို့အပေါ် အခြေခံရွေးချယ်ထားသည့် ရှေ့ပြေးမြိုတော် ၁၀ မြို့ကို အဓိကရည်ရွယ် ထားကြောင်း သိရပါသည်။ ထိုရွေးချယ်ထားသည့်မြို့တော်များသည် ပရိုဂရမ်စတင်ရန်အတွက် နည်းပညာလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း သိရပါသည်။

  DOCA (ရန်ကုန်)