၂၀၂၅ ခုနှစ်တွင် စီးပွားရေးကြီးထွားနှုန်း ၅.၂ ရာခိုင်နှုန်းရရှိရန် အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီးဌာန ယုံကြည်ချက်ရှိ

Powered by Drupal

             အင်ဒိုနီးရှားနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ဘဏ်က ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ စီးပွားရေးကြီးထွားနှုန်းကို ၅ ရာခိုင်နှုန်းအောက်သာဆက်လက်ခန့်မှန်းထားသော်လည်း အင်ဒိုနီး ရှား၏ စီးပွားရေးသည် ၅.၂ ရာခိုင်နှုန်းကြီးထွားမည်ဟု အကောင်းမြင်သုံးသပ်လျှက်ရှိကြောင်း သိရ ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေးနှင့်ဘဏ္ဍာရေးမဟာဗျူဟာညွှန်ကြားရေးမှူးချုပ် Febrio Kacaribu က ကမ္ဘာ့ဘဏ်၏ခန့်မှန်းချက်သည် စီးပွားရေးကြီးထွားမှုအဟုန်ကို ထိန်းသိမ်း ရန် ရည်ရွယ်ထားသည့် အင်ဒိုနီးရှား၏ဘဏ္ဍာရေးမူဝါဒများနှင့် အပြည့်အဝကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ဘဏ်သည် အစောပိုင်းက ၂၀၂၅ ခုနှစ်အတွက် အင်ဒိုနီးရှား၏စီးပွားရေး ကြီးထွားနှုန်းကို ကနဦးခန့်မှန်းချက်ဖြစ်သည့် ၄.၇ ရာခိုင်နှုန်းမှ ၄.၈ ရာခိုင်နှုန်းသို့ တိုးမြှင့်ခန့်မှန်း ခဲ့ကြောင်း သိရပါသည်။ ထိုကိန်းဂဏန်းသည် တိုးတက်ခဲ့သော်လည်း အစိုးရခန့်မှန်းချက်ဖြစ်သည့် ၅.၂ ရာခိုင်နှုန်း အောက်သာဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ Kacaribu က နိုင်ငံတကာအသင်းအဖွဲ့များကခန့်မှန်းချက်များသည် မကြာခဏ မက်ခရိုစီးပွားရေးအချက် အလက်များကို အခြေခံပြီး အစိုးရသည် စီးပွားရေးအရှိန်မြှင့်တင်ရန် များစွာသောစီးပွားရေး လှုံ့ဆော်မှုစီမံချက်များကို ပြင်ဆင်ထားကြောင်းနှင့် အစိုးရသည် ၂၀၂၆ ခုနှစ်တွင် စီးပွားရေး ကြီးထွားနှုန်းကို ၅.၄ ရာခိုင်နှုန်းအထိ အကောင်းမြင်သုံးသပ်ထားကြောင်း ပြောကြားခဲ့ပါသည်။ Kacaribu ၏အဆိုအရ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက် ရေးဘဏ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (OECD) အစရှိသည့် နိုင်ငံတကာအသင်းအဖွဲ့များသည် အင်ဒိုနီးရှားတွင်ရင်းနှီးမြှုပ် နှံရန် စိတ်ဝင်စားမှု အားကောင်းနေသောကြောင့် နိုင်ငံ၏ စီးပွားရေးစွမ်းဆောင်ရည်ကို အနီးကပ်စောင့်ကြည့် နေကြောင်း သိရပါသည်။ Kacaribu က ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများကို ကိုယ်စားပြုသည့် OECD သည် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုရှာဖွေရန်၊ ပုံမှန်အစီရင်ခံစာထုတ်ပြန်ရန်နှင့် နိုင်ငံ၏ စွမ်းဆောင်ရည်နှင့် အလားအလာကိုလေ့လာရန် အင်ဒိုနီးရှား၏ စီးပွားရေးအခြေအနေများကို  အနီးကပ်စောင့်ကြည့်နေကြောင်း၊ နိုင်ငံတကာ အသင်းအဖွဲ့များထံမှအာရုံစိုက်မှုရရှိခြင်းကို ကြိုဆိုကြောင်း၊ အစိုးရသည်လည်း အလားအလာ ရှိသောကဏ္ဍများကိုဆက်လက်တံခါးဖွင့်ထားကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုမျှော်မှန်းချက် အား ကောင်း ရန်အတွက်မူဝါဒပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော်အစီရင် ခံစာအရ လတ်တလောကြီးထွားမှုကိုထိန်းထားနိုင်သည့် အချို့စီမံချက်များသည် အနာဂတ်ထပ် မံတိုးချဲ့မှုကို ပံ့ပိုးပေးရန် လုံလောက်မှုမရှိကြောင်း သိရပါသည်။

   DOCA (ရန်ကုန်)