၂၀၂၅ ခုနှစ်တွင် ရုရှားနိုင်ငံမြောက်ပိုင်းပင်လယ်လမ်းကြောင်းမှ ကုန်စည်ဖြတ်သန်းမှုပမာဏ ၂၀ ရာခိုင်နှုန်းမြင့်တက်မည်ဟုခန့်မှန်းထားကြ

Powered by Drupal

            မြောက်ပိုင်းပင်လယ်လမ်းကြောင်း (NSR) ၏ ကုန်တင်ပမာဏသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၃၇.၉ သန်းခန့် ရောက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းခန့် တိုးလာမည်ဟု ရုရှားနိုင်ငံတော် အနုမြူစွမ်းအင်ကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးချုပ် Alexei Likhachev က အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ မြောက်ပိုင်းပင်လယ်လမ်းကြောင်းသည် ယခုနှစ်တွင် သင်္ဘောခရီး အရေအတွက် ၂၀ ရာခိုင်နှုန်း တိုးလာသဖြင့် ကုန်စည်ဖြတ်သန်းမှုတိုးမြင့်လာမှုကို မြင်တွေ့ခဲ့ရ ကြောင်း Likhachev က ပြောကြားခဲ့သည်။ အာတိတ်ပရောဂျက်များတွင် ပါဝင်သူများ သာမက မြောက်ပိုင်းထောက်ပံ့ရေးမစ်ရှင်များ၊ နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင်ပါဝင်သူများမှ လည်း ၎င်းလမ်းကြောင်းကိုအသုံးပြုလျှက်ရှိကြောင်း၊ NSR သည် ထိ ရောက်သော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးစင်္ကြံအဖြစ် လျင်မြန်စွာ ပြောင်းလဲနေကြောင်း Arctic ဖွံ့ဖြိုး တိုးတက်မှုအတွက် Rosatom ၏ အထူးကိုယ်စားလှယ် ဗလာဒီမာ ပန်နိုက ပြောကြားခဲ့ သည်။ “အဆင့်မြင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှု၊ မျိုးဆက်သစ် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲ သင်္ဘောများတည်ဆောက်မှုနှင့် နိုင်ငံခြားသင်္ဘောတင်ပို့သူများထံမှ စိတ်ဝင်စားမှု တိုးပွားလာခြင်း အပါအဝင် အကြောင်းရင်းများစွာသည် ဤတိုးတက်မှုကို တွန်းအားပေးလျှက် ရှိကြောင်း Panov က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံမြောက်ပိုင်းတစ်လျှောက် အာတိတ်သမုဒ္ဒရာ ကိုဖြတ်၍ ကီလိုမီတာ ၅၆၀၀ ခန့်ကျယ်ဝန်းသော မြောက်ပိုင်းပင်လယ်လမ်း ကြောင်းသည် ယူရေးရှားအနောက်ပိုင်းနှင့် အာရှ ပစိဖိတ်ဒေသကို ဆက်သွယ်ထားသော အတိုဆုံးရေ ကြောင်းလမ်းကြောင်းဖြစ်ကြောင်းသိရသည်။

    DOCA(ရန်ကုန်)