ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် ကြကြောင်းသိရသည်။ မြေပဲလုံးဆံနှင့် မြေပဲအတောင့်များကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယိုပြုလုပ်ခြင်း၊ အစားအသောက်များနှင့်တွဲဖက်စားသုံးခြင်းတို့ ပြုလုပ်ကြ ကြောင်း၊ ကန့်ဘလူခရိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများသည် ဒေသတွင်းမှလည်း ထွက်ရှိကြောင်း၊ မန္တလေးမြို့နှင့်ရွှေဘိုမြို့မ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် စားနပ်ရိက္ခာစရိတ်ကြီးမြင့်မှုကြောင့် ရုန်းကန်နေရသော စားသုံးသူများ ၏ များစွာသောလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ပမှတင်သွင်းလာ သော ဆန်များအပေါ် အမြင့်ဆုံး အဆိုပြု လက်လီဈေးနှုန်း (MSRP) အား ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်၍ တစ်ကီလိုဂရမ်လျှင် ၅၅ ပီဆိုနှုန်းသို့ လျှော့ချပေးမည်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီး ဌာနက ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ၌ စားအုန်းဆီ ထုတ်လုပ်မှု တသမတ်တည်းရှိနေစေရေးနှင့် ထုတ်လုပ်မှု ကဏ္ဍအပေါ် ဆိုးရွားစွာထိခိုက်မှုမဖြစ်စေရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် ဆီအုန်းစိုက်ခင်း များတွင် လုပ်သားအင်အားလုံလောက်မှုရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်ဟု စိုက်ခင်း နှင့် ကုန်စည်များရေးရာ ဝန်ကြီး Mr. Johari Ghani က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြောကြားခဲ့ ကြောင်း The Free Malaysia Today သတင်းဌာနက ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တစ်ကီလိုဂရမ်လျှင် ပီဆိုငွေ ၅၀ မှ ၆၀ အထိ ဈေးနှုန်းမြင့်တက်နေ သည့်အတွက် နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံမှု အရေးပေါ်အခြေအနေတစ်ရပ်သို့ ရောက်ရှိနေ သည်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနမှ အတွင်းဝန် Francisco Tiu Laurel က လှည့်လည်စာ အမှတ် (၃) (Circular No. 3) ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။