ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့(မြို့မ)ဈေးအတွင်း၌ ဖေဖော်ဝါရီလ ပထမပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ(တစ်ပိဿာ)လျှင် ၁၀၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၈၀၀၀ မှ ၁၂၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၃၀၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၂၅၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ)လျှင် ၁၇၀၀၀ ကျပ်၊ငါးကျီး(တစ်ပိဿာ)လျှင် ၁၅၀၀၀ က

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀၀/ ၄၀၀၀/ ၃၀၀၀)ကျပ်၊ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေခဲ့ပြီးဖေဖော်ဝါရီလပထမပတ် ကြက်သွန် နီတစ်ပိဿာလျှင် (၄၀၀၀/၃၅၀၀/၃၀၀၀/)ဈေးနှုန်းတို့အသီးသီးရှိနေကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲ လျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ ကိုလေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အထက်အဆင့်ဆင့်သို့တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ဘုကြီးအုပ်စု၊ ပုဏ္ဏရိပ် ကျေးရွာရှိ စတားစီးတီးသောက်ရေသန့်စက်ရုံသို့(၆.၂.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မှမြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းတစ်ဦးသည် ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၁၉၈၀ခုနှစ်ခန့်မှစတင်၍ ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရန် (၁၀၀)စီမံကိန်းအဖြစ်စတင်လုပ်ကိုင်ခဲ့ပါသည်။ လက်ပံတန်းမြို့ နယ်သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင်တည်ရှိပြီး မြစ်မခမြစ်ရေများ ဖြတ်သန်းစီးဆင်းသဖြင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေကြီးရေလျှံ ရေနက်ကွင်းများရှိပါသည်။
