ကုန်သွယ်မှုသတင်းများ

Powered by Drupal
10 Feb 2025

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ဘိလပ်စေ့သီးနှံများလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ဖေဖေါ်ဝါရီလပထမပတ်အတွင်း ဈေးနှုန်းများမှာ ဘိလပ်စေ့တစ်တင်းလျှင် (၆၀၀၀၀)ကျပ်၊ ဘိလပ် စေ့အညံ့တစ်တင်းလျှင်(၅၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ဘိလပ်စေ့များကို ရွှ

10 Feb 2025

             မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

10 Feb 2025

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကွမ်းသီးများကို ကန့်ဘလူ ခရိုင်အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

10 Feb 2025

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး ဖေဖေါ်ဝါရီလပထမပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၅၀၀၀)ကျပ်၊ မတ်ပဲ(မျက်ကွင်းဖြူ)တစ်တင်းလျှင်(၈၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ ရှိပွဲရုံမ

10 Feb 2025

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

Pages