
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ၊ နမ့်ပေါင်ဒေသမှထွက်ရှိသော ကဗ္ဗလာသီးများကို မန္တလေး မြို့ နှင့် အခြားမြို့ကြီးများမှ တိုက်ရိုက်ဝယ်ယူမှုကြောင့် ကဗ္ဗလာသီးစိုက်ပျိုးသော တောင်သူများ ဈေး ကောင်းရနေကြောင်း သိရှိရပါသည်။ မန္တလေးဈေးကွက်တွင် ကဗ္ဗလာသီး အလုံးကြီး တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ အလတ်ဆိုဒ်တစ်ပိဿာလျှင် (၃၅၀၀ မှ ၃၀၀၀)ကျပ်ခန့် နှင့် အလုံးသေး တစ်ပိဿာ လျှင် (၂၅၀၀)ကျပ်ခန့် ဈေးရရှိနေကြောင်း သိရှိရပါသည်။ဒေသခံတောင်သူများသည် နှစ်ရှည်သီးနှံ များဖြစ်သည့် ကဗ္ဗလာသီး၊ လိမ္မော်သီး အစရှိသော သီးနှံများကို စိုက်ပျိုးကြပြီး သီးနှံများထွက်ရှိချိန် တွင် ဝင်ငွေများ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရ၍ ရေးသား တင်ပြအပ်ပါသည်။
DOCA(ရှမ်း)
