ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည့် ပန်ဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြိူ့မှ မှာယူရောင်းချကြောင်း သိရသည်။

မုန်လာဉဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးရုံသာမက အစိမ်းသုပ်၍လည်း စားသုံးကြပါသည်။ မုန်လာဉကို အတို့အဖြစ်စားသုံးကြသည့်အပြင် မုန်လာဉချဉ်ထည့်၍လည်း စားသုံးကြပါသည်။ မုန်လာဉပေါ်ချိန်တွင် မိမိကြိုက်နှစ်သည့်အတိုင်း လှီးဖြတ်၍ မိနစ်(၂၀)ခန့်ပေါင်း ပြီး ဆီအနည်းငယ်သုတ်ကာ နေတစ်ရက်၊ နှစ်ရက်ပြ၍ မုန်လာဉများခြောက်သွားသောအခါ လေလုံ အောင်ပိတ်ထား၍ သိမ်းဆည်းပြီး မုန်လာဉဖြူခြောက်ပြုလုပ်၍လည်း စားသုံးကြပါသည်။ မုန်လာဉဖြူကို အဆာပြေသားရေစာအဖြစ်လည်း မုန်လာဉအော်ကွေ့ကြည် လုပ်၍လည်းစားသုံးကြ ပါသည်။ ထားဝယ်မြ

ကန်စွန်းဥကို မြန်မာနိုင်ငံတွင် ဒေသအနှံအပြားတွင် စိုက်ပျိုးကြသည်။ ကန်စွန်းဥသည် အမျိုးပေါင်းများစွာရှိပြီး ကန်စွန်းဥအရောင်ပေါ်မူတည်၍ အမျိုးအစားခွဲခြားကြသည်။ ကန်စွန်းဥကို မိုးရာသီတွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် အညွှန့်ကိုယူ၍ စိုက်ပျိုးကြသည်။ တစ်တန်း နှင့်တစ်တန်း(၂)ပေကွာ၍ တစ်ပင်နှင့်တစ်ပင် (၁)ပေခြား စိုက်ပျိုးကြသည်။ ကန်စွန်းဥကိုစျေးကောင်း လျှင် မရင့်မီအရွယ်ရောက်ဥများကို တူးဖော်နိုင်ပြီး အကောင်းဆုံးမှာ ဥများရင့်သောအချိန်တွင် တူးဖော်နိုင်သည်။ယခုအခါ ထားဝယ်မြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ပန်းဂေါ်ဖီကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။ ပန်းဂေါ်ဖီများကို ယခင်ကာလများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလများတွင် ဒေသတွင်း လှိုင်လှိုင်ထွက်ရှိသည့် ပန်းဂေါ်ဖီများကိုသာ ဝယ်ယူရောင်း ချလျက်ရှိကြောင်းသိရသည်။

ပဲပင်ပေါက်ကို နေရာဒေသမရွေးသာမက မိမိတို့အိမ်တွင်း၌လည်း အပင်ဖောက်ကာ စိုက်ပျိုးရ လွယ်သောအစားအစာတစ်မျိုးဖြစ်သည်။ ပဲပင်ပေါက်သည် ဈေးနှုန်းသက်သာပြီး အလွယ်တကူဝယ် ယူရရှိနိုင်သော အပင်တစ်မျိုးဖြစ်သည်။ စားသုံးသူများအနေဖြင့် ပဲပင်ပေါက်ကို စီးပွားအဖြစ်ဖောက် ကြ၍ အလွယ်တကူဝယ်ယူရရှိသည့်အပြင် ကျန်းမာရေးအတွက် လွန်စွာအထောက်အကူပြုစေသည်။ များသောအားဖြင့် ပဲပင်ပေါက်ကို ကာထဲတွင် ထည့်ဖောက်ကြပြီး အပင်ပေါက်ချိန်သည် ၄ရက်၅ရက် ကြာသည်။ ပဲစေ့များမှတဆင့် အပင်ပေါက်ကာရရှိသော အပင်များကို အထုပ်ငယ်တစ်ထုပ်လျှင် ၆၀
