ကုန်သွယ်မှုသတင်းများ

Powered by Drupal
06 Feb 2025

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံအစုံရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို  လုပ်ကိုင်ရောင်းချလျက်ရှိကာ ကုန်စိမ်းသီးနှံ များအား ရာသီအလိုက် ပေါ်ပင်သီးနှံများကို နေရာဒေသမရွေးကနေ ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ သီးနှံတုန်းသည်အထိ ရောင်းချကြောင်းသိရပါသည်။

06 Feb 2025

            ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့်ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

05 Feb 2025

           မြိတ်ခရိုင်ဆီကိုယ်စားလှယ်သည် မြိတ်မြို့အတွက်လိုအပ်သောဆီများကို ရန်ကုန်မြို့ ဆီကန်များမှ ခွဲတမ်းများဖြင့်ဝယ်ယူလျက်ရှိပါသည်။ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ခွဲတမ်း ရရှိခဲ့သော Myanmar Oil Alliance ကုမ္ပဏီ၏  စားအုန်းဆီပေပါ(၃၈)ပေပါကိုယာဉ်အမှတ် 2J-5724 ဖြင့်လည်းကောင်း ၊ Global Good Pure Group ကုမ္ပဏီ၏  စားအုန်းဆီပေပါ (၅၁)ပေပါကို ယာဉ်အမှတ် 6L-9521 တွင်လည်ကောင်း၊ စုစုပေါင်း ပေပါ(၈၉)ပေပါကိုသယ် ဆောင်လာပြီး ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း

05 Feb 2025

               ကွမ်းရွက်ကို တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် အိမ်တွင်း တနိုင်တပိုင်လုပ်ငန်းအဖြစ် စိုက်ပျိုးလျက်ရှိပြီး အခြားမြို့နယ်များသို့လည်းတင်ပို့ရောင်းချလျက်ရှိပါသည်။ အဓိကအား ဖြင့် ရန်ကုန်နှင့် မန္တလေးတိုင်းများသို့တင်ပို့ရောင်းချလျက်ရှိပါသည်။ ကွမ်းရွက်စျေးကွက်ကိုကြည့်လျှင် မြိတ်မြို့တွင်ကွမ်းချော၊ ကွမ်းကြမ်းဟူ၍ နှစ်မျိုးရှိနေပြီး ကွမ်းချော(ယာကွမ်း) ကိုအဓိကစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းချောတစ်ခါကောက်လျှင် အပင်သစ်ဖြစ်ပါက (၁၅) ရက်တစ်ကြိမ်ကောက်လေ့ရှိပြီး အပင်အို(ဟောင်း)ဖြစ

05 Feb 2025

             ပြည်ပဲဈေးကွက်အတွင်း ပြည်တွင်းဝယ်လိုအားများ၊ ပြည်ပဝယ်လိုအားရှိသော ပဲများစသည်ဖြင့် ပဲမျိုးစုံရောင်းဝယ်လျက်ရှိကြရာ ယခုနှစ်ဆန်းပိုင်းကာလတွင် ဆောင်းပဲသစ်အချို့ဝင်ရောက်လာပြီး အချို့ပဲများကတော့ ပဲထွက်ပေါ်မှု မရှိသေးသည့်အတွက် လက်ကျန်ပဲများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရပါသည်။ ပဲဈေးနှုန်းများအနေဖြင့် နှစ်ကုန်ပိုင်းတွင် ရရှိခဲ့သောဈေးထက် နှစ်ဆန်းပိုင်မှာ ပဲသစ်ဈေးနှုန်းအချို့ လျော့နည်းရောင်းဝယ်နေခဲ့ပြီး နှစ်အလိုက်ပဲဈေးနှန်း အခြေအနေများအရ ယခင်နှစ်တွေရဲ့ ရရှိခဲ့သောဈေးနှုန

Pages