ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်သည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ၁၂.၉ ရာခိုင်နှုန်း တိုးတက်လာ

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း အမေရိကန်ဒေါ်လာ ၂၂.၃၉ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများတင်းပို့ခဲ့ရာ ယခင်နှစ်အလားတူကာလက အမေရိကန်ဒေါ်လာ ၁၉.၈၃ ဘီလီယံမှ ၁၂.၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း အထွေထွေအကောက်ခွန် ဦးစီးဌာနမှ အောက်တိုလာလ ၁၀ ရက်နေ့ ထုတ်ပြန်သော အစီရင်ခံစာအရ သိရှိရပါသည်။

          ကမ္ဘောဒီးယားနိုင်ငံသည် ပို့ကုန်အများဆုံးတင်ပို့ရာ ထိပ်တန်း ၅ နိုင်ငံမှာ အမေရိကန်၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန်နှင့် ကနေဒါတို့ဖြစ်ကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။

          အဓိကတင်ပို့သည့် ကုန်ပစ္စည်းများတွင် အဝတ်အထည်၊ ဖိနပ်၊ အိတ်၊ ခရီးသွားသုံးပစ္စည်း၊ စက်ဘီး၊ ကားတာယာ၊ ဆန်၊ ရာဘာ၊ ပလောပီနံမှုန့်၊ သီဟိုဠ်စေ့၊ ငှက်ပျောသီး၊ သရက်သီး၊ တောကြက်မောက်သီးကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များ ပါဝင်ပါသည်။

          ယခုနှစ်  ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း နိုင်ငံ၏ စုစုပေါင်းသွင်းကုန်သည် အမေရိကန် ဒေါ်လာ ၂၄.၆၁ ဘီလီယံ ရှိပြီး ယခင်နှစ် အလားတူကာလက ‌ဒေါ်လာ ၂၁.၁ ဘီလီယံမှ ၁၆.၆ ရာခိုင်နှုန်း တိုးတက်လာပါသည်။

          အဓိက သွင်းကုန်ပစ္စည်းများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ အဝတ်အထည်၊ ဖိနပ်၊ အိတ်နှင့် ခရီးသွားအသုံးအဆောင်ပစ္စည်းများ၊ ယာဉ်များ၊ စက်ယန္တရားများ၊ အီလက်ထရွန်နစ် ပစ္စည်းများ၊ ဆေးဝါးနှင့် စားသုံးကုန်များ ပါဝင်ပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)