ကုန်သွယ်မှုသတင်းများ
သင်္ဘောပင်သည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့အပင်ဖြစ်ပြီး သင်္ဘောသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ် သည်။ သင်္ဘောပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ဘိုကုန်းအုပ်စု၊ ဘိုကုန်းကျေးရွာ တွင် ဖူးစားပြောင်းကို နှစ်စဉ် စိုက်ပျိုးပြီးယခုထွက်ရှိနေသော ပြောင်းဖူးများကို နိုဝင်ဘာလတွင် စိုက် ပျိုးပြီး ဇန်နဝါရီတွင် ထွက်ရှိကြောင်း တစ်ဧကလျှင် မျိုးစေ့ထုတ်(၅)ထုတ်ခန့် စိုက်ပျိုးရပြီး ရေတင် စနစ်ဖြင့် တစ်ပင်နှင့်တစ်ပင် အကွာအဝေး (၁၀)လက်မ မကွာအဝေးထား၍ စိုက်ပျိုးရပါကြောင်း စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ အပါအဝင်တစ်ဧကငွေ ကျပ် (၁၅၀၀၀၀၀) သိန်းကျော

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ဂျင်း ဈေးနှုန်းများမှာ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ဂျင်း (၁၀)ကျပ်သားလျှင် ၁၀၀၀ ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ပထမအပတ်တွင်လည်း ၁၀၀၀ ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းများအတက်အကျမရှိ
ယခင်လဈေးနှုန်းအတိုင်းဈေးငြိမ်နေပါသည်။

ပဲခူးတိုင်းဒေသာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်သည် ဒေသန္တရအရ တောင်ကျ ချောင်းမကြီး ၃ခုစီးဝင်လျက်ရှိပြီးကျေးရွာအုပ်စု ၅၄အုပ်စုတွင် စိုက်ပျိုးရေးသည် အဓိက အသက် မွေးလုပ်ငန်းဖြစ် သည်။ရာသီအလိုက်သီးနှံစိုက်ပျိုးနိုင်သည့် ဧကပေါင်း ၆၆၀၀ကျော်ရှိပြီး ငရုတ်၊ ဂေါ်ဖီ၊ သခွား၊ရုံးပတီ တို့အဓိကစိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးရန်သာမက အခြားမြို့နယ်များသို့ တင်ပို့ရောင်းချပြီး ဝင်ငွေရရှိလျက်ရှိပါသည်။
