ကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံ၏ ဥရောပသမဂ္ဂ(EU) နှင့် ဗြိတိန်နိုင်ငံသို့ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားအစိုးရ၏ နောက်ဆုံးရ အချက်အလက်များအရသိရသည်။ (EU) သို့ ကမ္ဘောဒီးယားပို့ကုန်သည် ၂၀၂၃ ခုနှစ် တွင် ကန်ဒေါ်လာ ၃.၇ ဘီလီယံမှ ကန်ဒေါ်လာ ၄.၄ ဘီလီယံအထိ တိုးလာခဲ့ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ (EU) မှသွင်းကုန်သည် ကန်ဒေါ်လာ ၉၄၉ သန်းမှ ၃.၃ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့သည်။ ဗြိတိန်

ဂျပန်ကုမ္ပဏီ Nippon Koei Business Partners သည် သီဟိုဠ်စေ့နှင့် အခွံများကို ရှာလကာရည်နှင့် ဆီအဖြစ်ပြုပြင်ခြင်းတွင်အသုံးပြုရန် ကမ္ဘောဒီးယားနိုင်ငံ၏သီဟိုဠ်စေ့ ထုတ်လုပ်တင်ပို့ခြင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် စိတ်ဝင်စာမှုကိုပြသခဲ့ပြီး ကျန်ရှိသောစွန့်ပစ်ပစ္စည်းများကို တိရိစ္ဆာန်စာအဖြစ်ပြန်အသုံးပြုမည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကောင်စီ (CDC) ၏ ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် Chea Vuthy နှင့် Nippon Koei Business

အိုမန်နိုင်ငံ၏ ရေနံတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် စည်ပေါင်း ၃၀၈.၄၂ သန်းခန့်ရှိပြီးတစ်စည် လျှင်ပျမ်းမျှစျေးနှုန်း ၈၁.၂ ဒေါ်လာရှိကြောင်း အမျိုးသားစာရင်းအင်းနှင့် သတင်းအချက်အလက် ဗဟိုဌာန (NCSI) မှ ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်သည့်စာရင်းဇယားများအရသိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံမှတင်သွင်းသော ကုန်ပစ္စည်းမျာအပေါ် အခွန် ၁၀ ရာခိုင်နှုန်းစည်းကြပ်ရန် ဖေဖော်ဝါရီ ၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် လက်ဖက်ခြောက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၄၃ ဘီလီယံရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၉% ကျော်တိုးမြင့်လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၂၉ ရက်နေ့က ဖော်ပြချက်အရသိရသည်။
